အန်တီမေ

ဆယ်နာရီကျော် လေယာဉ်ပေါ်မှာ ညှောင်းညှာလာခဲ့ လို့ လေဆိပ်ထဲ ဆင်းလာတော့ စိတ်ချမ်းသာလိုက်တာ၊ နေရောင်တောက်တောက် နဲ့ မိုးဖွားလေး တွေ စိုစွတ်စွတ် မို့ လေယာဉ် ပြတင်းပေါက်က စိမ်းစိမ်းစိုစို သစ်ပင် တွေမြင်ရတော့ အင်း ငါဒီလို ရာသီမျိုး နဲ့ မတွေ့ရတာ ကြာလှပြီလို့ တွေးလိုက်မိပါတယ်။ လေဆိပ်က လူဝင်မှု တို့ အကောက်ခွန်တို့ ဖြတ်ပြီး ကိုယ့်ခရီးဆောင်သေတ္တာ ကို ကွန်ဗေယာပေါ်က ရွေးယူလိုက်တယ်၊ လာကြိုနေမဲ့ အန်တီမြတ်နိူးမေ ဆိုတာ ဘယ်လိုပုံစံမျိုးများ နေမလဲ လို့လူအုပ်ကြားထဲ မျက်လုံးကစား ကြည့်နေမိတယ်။ ..ဟေး မင်း ဒန်နီရယ် မဟုတ်လား…ကျနော့် နာမည်ခေါ်သံကြားလိုက်ရတော့ လှည့်ကြည့်မိတယ်၊…အော် အန်တီ မြတ်နိူးမေ ဆိုတာလား…..အော် သားက ဗမာစကားနားလည်သေးတာကိုး…..အဟင်း အဲလောက်တော့ မဟုတ်ပါဘူးအန်တီ..ကျနော့်နာမည် ခေါ်သံကြားလိုက်လို့ ပါ. အမြန်မြန်ပြောရင် တော့ ကျနော်နားလည် လောက်ဘူး…အဲဒါပွင့်ပွင့်လင်းလင်းပြောတာ… ..အင်းပါကွာ အန်တီက ဒီထက်တောင်ဆိုးမယ်လို့ တွက်ထားပြီးသားပါ၊ သားဒီလောက်နားလည်ပြီးပြောတတ် နေတာတောင် အံ့သြနေတာ…အဲလိုနဲ့ အန်တီ မြတ်နိူးမေ ဦးဆောင်တဲ့ နောက်လိုက်လာခဲ့တယ်၊ အန်တီ မြတ်နိူးမေက သူ့ကားလေးရှိရာ ကို ရှေ့က နေ မနှေးမမြန်ခြေလှမ်းလေးနဲ့ သွားနေတယ်၊

အသားကပ် ဂျင်းဘောင်းဘီကြောင့်လုံးကျစ်တဲ့ ပေါင်တန် အစုံနဲ့ သေးကျင်တဲ့ခါး၊ ရယ် အရပ်က ၅ပေ ၃ လက်မလောက်ဆိုတော့ ကြည့်လို့ တော်တော်ကောင်းတဲ့ ဘော်ဒီ လေးလို့ ဆိုရမယ်။ ကျနော်က အဖေ့သူငယ်ချင်းဆိုလို့ အဖေတို့နဲ့ မတိမ်းမယိမ်း လို့ထင်ထားတာ အခုတော့ အများဆုံးရှိလှ အသက် ၃၀ လောက်ပေါ့၊ အင်း၊ ဖေဖေ ကလည်း ဘာမှ တိတိကျကျ မပြောလိုက်ဘူး၊ မင်းဟိုရောက်ရင် ငါ့သူငယ်ချင်းလာကြိုလိမ့်မယ်၊ သူ မင်းအဲဒီမှာ နေဖို့ထိုင်ဖို့ မင်းစာတမ်း အတွက် အကူအညီ လိုချင်တာလည်း တောင်းလို့ရမယ် ၊အဲလိုပဲ ပြောလိုက်တယ်။ အင်း သူ့ အင်္ဂလိပ် စကားပြောက အင်္ဂလိပ်သံဝဲနေတယ်၊ ဥရောပ မှာကျောင်းပြီးတာ ဖြစ်ရမယ်လို့ လည်း တွေးနေမိတယ်။ ကျနော်တို့ အမေရိကန်တွေရဲ့ နားထဲ မှာ အင်္ဂလိပ်သံဝဲပြီးပြောတာ နားထောင် ကောင်းတယ်လို့ ထင်တယ်၊ အဲလိုနဲ့ ကျနော်တို့ လေဆိပ်ကနေ ထွက်လာခဲ့ကြတယ်၊ ကျနော့် စိတ်ထဲ မှာတော့ အန်တီ မြတ်နိူးမေ က ကျနော့် အတွက် ဆားဗစ် အပတ်မန့်လို့မျိုးများ ရှာပေးထားမလား ၊ သူ့ ကို ဘယ်လိုမေးရင်ကောင်းမလဲ စဉ်းစား နေရင်း၊ ..အန်တီမြတ်နိူးမေ ကျနော်တို့ အခု ဘယ်ကိုသွားမှာလဲဟင်..ကျနော့်ရဲ့ လေသံကိုနားထောင်ပြီး သူ့နာမည်ကို ကျနော် ခေါ်ရတာ အခက်ခဲ ရှိနေတာကို သူသိတယ်ထင်တယ်၊

ပါးချိုင့်ခွက်ကလေး ပေါ်အောင်ပြုံးလိုက်ပြီး..သား အန်တီ့နာမည်ကို ခေါ်ရခက်ရင် အန်တီမေ လို့ပဲ ခေါ်လေ.. …ဟုတ်..ဟုတ်..ကဲ့ အန်တီမေ..အခု ကျနော်တို့ ဘယ်သွားကြမှာလဲ……အန်တီမေ့ အိမ်သွားမှာလေ သား၊ အိမ်ဆိုပေမဲ့ ဒီနိူင်ငံမှာကတော့ သားတို့လို ကိုယ့်ခြံ ကိုယ့်ဝင်း နဲ့ အိမ်တော့ ဟုတ်ဘူးပေါ့၊ အန်တီမေ့ တိုက်ခန်းပေါ့၊ ဖိုးဘက်ရူမ်း အပတ်မန့် ပေါ့…..ဖြစ်ပါ့မလားအန်တီမေ..ကျနော် နေလို့ အန်တီမေ မလွတ်လပ်ပဲ နေမှာပေါ့.. …ရပါတယ်ကွာ၊ သားက တခြားလူမှ မဟုတ်တာ..အန်တီမေလည်း အဖေါ်ရတာပေါ့..နောက် သားစာတမ်း ပြုစုမဲ့ ကျောင်းကလည်း အန်တီမေ အလုပ်လုပ်နေတဲ့ ကျောင်းပဲလေ..အတူသွားလို့ရတာပေါ့… အန်တီမြတ်နိူးမေ ရဲ့ အခန်းက တကယ်တော့ မကျဉ်းလှပါဘူး၊ အိပ်ခန်းလေးခန်းရှိတယ်၊ အန်တီမေက မာစတာ ဘက်ရုမ်းမှာနေတယ်၊ နောက်တခန်းက ကောလိပ်ကျောင်းသူ နူစ်ယောက်ကို ငှားထားတယ်တဲ့၊ နောက်တခန်း က ကျနော့်အတွက် ပြင်ထားပေးတယ်၊ ကျန်တဲ့ အခန်းကတော့ စာအုပ်တွေနဲ့ ကွန်ပြူတာနဲ့ ဘုရားစင် နဲ့ ရောပေါင်းလို့ထားတယ်။ ဧည့်ခန်းကလည်း အကျယ်ကြီး ထမင်းစားခန်းနဲ့ တဆက်ထဲပဲ၊ မီးဖိုချောင်က ကျယ်ကျယ်ဝန်းဝန်းပါပဲ ၊ ရေချိုးခန်းနဲ့ အိမ်သာ က တခန်းစီ သပ်သပ် မီးဖိုချောင် မှာရှိတယ်၊ အန်တီမြတ်နိူးမေရဲ့ မာစတာဘက်ရုမ်းထဲ မှာတော့ ရေချိုးခန်းအိမ်သာ တွဲရက်ရှိတယ်လို့ပြောတယ်။

ကျနော်ရေမိုးချိုးပြီးတော့ အန်တီမြတ်နိူးမေ ချက်ထားတဲ့ မုန့်ဟင်းခါး ထိုင်စားကြတယ်။…သားမုန့်ဟင်းခါး မစားရတာတောင်ကြာလှပြီ အန်တီမေရ၊ စားလို့တအားကောင်းတာပဲ၊ အန်တီမေ က ကျွမ်းတယ်နော်.. …အမလေး အထင်မကြီးနဲ့ သားရေ အဲဒါ ဗမာပြည်က လာတဲ့ အခြောက်ထုပ်ကို ရေထည့်ပြီး မီးဖိုပေါ်တင်လိုက်တာပဲ ခိခိ.. အန်တီမြတ်နိူးမေ ရီလိုက်လို့ ပေါ်လာတဲ့ ပါးချိုင့်ခွက် ကလေးနဲ့ အသံလွင်လွင်လေးက နားထောင်ကောင်းလိုက်တာလို့ ထင်မိတယ်၊ သူ့ အသက်နဲ့ ဆိုရင်အသံက အပျိုမလေး အသံလိုပဲ၊ အင်း အပျိုမလေး အသံဆိုမှ၊ ဖေဖေ ပြောလိုက်တာက တော့ အန်တီမြတ်နိူးမေက အပျိုကြီးလို့ဆိုတာပဲ၊ ဒီမှာလည်း သူတယောက်ထဲ နေတယ်ဆိုတော့ အင်းဟုတ်မှာပေါ့၊ ဒီလောက် ချောလှ ပြီး တောင့်တဲ့ အမျိုးသမီးကြီး က ဘာလို့ အပျိုကြီး ဖြစ်နေရသလဲ မသိဘူးလို့ တောင်တွေးမြောက်တွေးတွေးနေမိတယ်။ …သား ဒန်နီရယ် စားရေကွာ ဘာငေး နေတာလဲ၊ အန်တီ့လို ရုပ်ဆိုးဆိုး ဗမာ အဖွားကြီး မျိုး တခါမှ မတွေ့ဘူးလို့လား..ခစ်ခစ်… …ဟာ အန်တီမေက လည်း နောက်နေတာလား၊ အန်တီမေလို ကျက်သရည်ရှိ ပြီး ဒီလောက်ချောတဲ့ အမျိုးသမီး က ခုထိ ဘာလို့ အိမ်ထောင်မပြုသေးတာလဲ လို့ စဉ်းစားနေတာ… ..အမလေး စားစား..ဒီမုန့်ဟင်းခါးတွေ တအိုးလုံး ကုန်အောင်စား..ဒါမျိုး မြောက်ပြောလို့ကတော့ ရတဲ့လစာကုန် သွားပစေ အကုန်ကျွေးလိုက်မယ်၊

ခစ်ခစ်.. ..တကယ်ပြောတာပါ အန်တီမေရဲ့ ကျနော့် ကို ဖေဖေ က သူ့သူငယ်ချင်းလို့ ပြောလိုက်တုန်းက ကျနော်ထင်တာ ဖေဖေ တို့ အရွယ် လောက် အန်တီကြီး ထင်ထားတာ၊ အဟီး လေဆိပ်မှာ တွေ့တော့ အရမ်းအံသြသွားတာ..ဖေဖေ က ကိုယ့်ထက် အသက်တဝက်လောက်ငယ်တဲ့သူနဲ့ ဘယ်လို သူငယ်ချင်းဖြစ် တာလဲ ဆိုတာ … …အမလေး သား ဖေဖေသာကြား သွားလို့ ကတော့အဟီး ရင်ခံသွားလိမ့်မယ်၊ သားဖေဖေ က အန်တီထက် ၁၇ နူစ်လောက်ပဲ ကြီးတာပါ၊ အသက်တဝက်တော့ မကွာပါဘူး၊ ဟင်းဟင်း… …ဟင်ဒါဆို ဖေဖေက ခြောက်ဆယ်နားနီးပြီဆိုတော့ အန်တီမေက ၄၀ နားနီးပြီပေါ့ မဖြစ်နိူင်တာ ကျနော်က ၂၀ ကျော်လောက်ပဲ ထင်ထားတာ …. …အောင်မလေး မုန်းဟင်းခါး တအိုးလုံးကုန် အောင်စားပါလို့ ကြွေးနေတာတောင် ထပ်မြှောက်နေသေးတယ်.. …ဒင်း…ဒေါင်… ကျနော်တို့ ရီမောနေတုန်း အိမ်ရှေ့တံခါးက ဘဲသံကြားလိုက်လို့ အန်တီမေ ထသွားပြီး တံခါးဖွင့်ပေးသံကြား ရတယ်၊ နောက်တော့ အန်တီမေနောက်က တရုပ်လို့ ထင်ရတဲ့ အမျိုးသား တယောက် ကပ်ပါလာတာ တွေ့ ရတယ်၊ နူတ်ခမ်းမွေးကျိုးတို့ကျဲတဲနဲ့ အရပ်က ၅ပေ ၆ လက်မလောက်ရှိမယ်ထင်တယ်၊ ကျနော်တို့ တယောက်ကို တယောက် အကဲခတ်သလို ကြည့်နေကြ တုန်း အန်တီ မြတ်နိူးမေ က မိတ်ဆက်ပေးလိုက်တယ်၊

ဟေး သားဒန်နီယယ်..အဲဒါ အန်တီမေရဲ့ သူငယ်ချင်း ဂျက် တဲ့၊..ဂျက် အဲဒါက ကိုယ် ပြောပြောနေတဲ့ အမေရိက က ကိုယ့်ကိုကြီး ရဲ ရဲ့သား ဒန်နီရယ်လေ… ကျနော်တို့ တယောက်နဲ့ တယောက်လက်ဆွဲနူတ်ဆက်လိုက်ကြတယ်၊ …တွေ့ရတာ ဝမ်းသာပါတယ် ဂျက်.. …အေး တွေ့ရတာ ဝမ်းသာပါတယ်ကွာ၊ မင်း အဖေ ဦးရဲ အကြောင်းတော့ ကြားဖူးနေပါတယ်…သူရော ဘယ်လိုနေလဲ ကွ.. …အော် ဖေဖေ ကတော့ သန်တုန်းမြန်တုန်းပါပဲ..မနက်တိုင်းလည်း ဂျင်သွားတယ်လေ၊ ခရီးလည်း ခနခန ထွက်တယ်..သူက ခရီးသွားတာနဲ့ စာဖတ်တာ ဝါသနာကြီးတယ်….စားပြီးပြီလား ဂျက်..စားလိုက်ပါအုန်း အန်တီမေ့လက်ရာလေ.. …အမလေး ကို က ဒီ မုန့်ဟင်းခါးခြောက်ထုတ်တွေ သယ်လာပေးရတာပါဗျာ အဟီး..ဒါပေမဲ့ စားစရာက ဒါပဲ ရှိတော့ စားရမှာပေါ့လေ..ခွိခွိ.. အန်တီမြတ်နိူးမေ က ဂျက် ကို မျက်စောင်းတချက်ထိုးလိုက်ရင်း ခွက်တခုထဲ မုန့်ဖတ်တွေ ထည့်နေလေသည်။ နောက်တော့ အန်တီမြတ်နိူးမေ တခြားအခန်းမှာ နေတဲ့ ကျောင်းသူ နူစ်ယောက်လည်း ပြန်လာကြတယ်၊ နာမည်တွေက နေခြည်ဝင်းဝါ နဲ့ ဖူးဖူးညွန့်ဝေ ဆိုလား၊ ဗမာ မိန်းခလေး တွေ နာမည်က လည်း ခေါ်ရခက်လိုက်တာ၊ ရှည်လည်း အရှည်ကြီး အဟီး။

ကျနော့် ကို အမေရိက မှာ မွေးတဲ့ ဗမာ ဆိုတော့ စိတ်ဝင်စားကြတယ် ထင်တယ်၊ ဗမာလို ကဘောက်တီး ကဘောက်ချာ ပြောနေတာလည်း ပြုံးစိစိ လုပ်နေကြတယ်။ အန်တီမြတ်နိူးမေ က …သား ဒန်နီရယ် လဲ နားချင်မှာပေါ့ ခရီးပန်းလာတယ် ဒီနေ့ စောစောအိပ်လိုက်အုန်းနော်.. ဆိုတာနဲ့ ဟုတ်ကဲ့အန်တီ ဆိုပြီး။ လူတွေ အားလုံးကို နူတ်ဆက်ပြီး၊ ကျနော့် အတွက်ပေးထားတဲ့ အခန်းထဲ ဝင်ပြီး ကုတင်ပေါ် ကျောဆန့် နားလိုက်တော့တယ်။နောက်နေ့ မနက်ကျတော့ အန်တီမြတ်နိူးမေ ရဲ့ ကားလေးနဲ့ပဲ သူ့ကျောင်းရှိရာကို ကျနော်လိုက်ခဲ့ ပါတယ်။ အန်တီမြတ်နိူးမေ ကြိုတင်စုံစမ်းထားလို့ ကျနော် သွားရမဲ့နေရာ တွေ့ရမဲ့ သူတွေနဲ့ အစဉ်သင့် တွေ့ရပြီး တော်တော် အဆင်ပြေသွားပါတယ်။ တကယ်တော့ ကျနော်က ဟိုက်စကူးပြီးလို့ နာမည် အသင့်အတင့် ရှိတဲ့ တက္ကသိုလ် တခု ကို တက်မလို့ ပြင်ဆင်တုန်း ရှိပါသေးတယ်၊ ဒါပေမဲ့ ကျနော်ယူချင် တဲ့ ကယ်ရီယာကို ကိုတကယ် စိတ်ဝင်စားတာမှ ဟုတ်ရဲ့လား ဆိုတာ သေခြာအောင် တနူစ်လောက် ပြင်ပ လောက မှာ လေ့လာချင်သေးတာမို့ ဒီပရိုဂရမ် ကို မိဘ ပိုက်ဆံ နဲ့ လာလုပ်တာလေ အဟီး၊ အဲ လိုနဲ့ အန်တီမြတ်နိူးမေ နဲ့ ရင်းနှီးလာသလို တအိမ်ထဲ နေတဲ့ ဗမာမလေး နူစ်ယောက်နဲ့ လည်း ရင်းနှီး လာခဲ့ပါတယ်၊ နေခြည်ဝင်းဝါက ရီးစားများတယ် ဆိုပဲ၊ ဒီမှာ ဘွိုင်းဖရင့် တွေ မပြတ်ရအောင် တယောက်ပြီး တယောက်ထားတယ်ဆိုပဲ၊

ဖူးဖူးညွန့်ဝေ ဆိုတာကတော့ သူ့ရီးစား ဗမာပြည်မှာ ကျန်နေခဲ့တယ် တဲ့၊ သူက တော့ အေးတဲ့ ပုံပါပဲ၊ အန်တီ မြတ်နိူးမေ ကတော့ ကျနော့်ကို အဲဒီကောင်မလေးတွေနဲ့ ရောရောနှောနှောနေတာ မကြိုက်သလိုပဲ၊ ကျနော် က ဟာသ ပြောလို့ ကောင်မလေးတွေ ခိုးခိုးခွက်ခွက်ရီ ကြရင်တောင် သူ ကမျက်နှာ ခတ်တည်တည် ပဲ ထားတတ်တယ်၊ ကျနော် နဲ့ နူစ်ယောက်ထဲ အချိန်ကြရင်တော့ ကျနော့် ဟာသတွေကို သူနူစ်နူစ်ခြိုက်ခြိုက် ရီမောလေ့ရှိတယ်။ သူက ကျနော့်ကို လည်း သတိပေးတယ်၊ ကျနော့် ဖေဖေ က သူ့ကို အပ်ထားတာမို့ သူ့မှာ တာဝန်ရှိကြောင်း ၊ ကျနော့် အဓိက လာတဲ့ ကိစ္စကိုသာ အာရုံစိုက်ဖို့ မကြာမကြာပြောလေ့ရှိတယ်။ အန်တီ မြတ်နိူးမေ နဲ့ ကိုဂျက် တို့ရဲ့ ဆက်ဆံရေးကလည်း တမျိုးပဲ လို့ ကျနော် တွေးမိတယ်၊ အန်တီမြတ်နိူးမေက တော့ ကိုဂျက်က သူ့ ဘွိုင်းဖရင့် မဟုတ်ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ တခါတလေ ကိုဂျက်ကလာလယ် ရင် သူတို့ အခန်းထဲ ဝင်သွားပြီး တံခါးပိတ်ထားတတ်တယ်၊ ကိုဂျက်ကလည်း အန်တီမေ့ လိုပဲ ကျောင်းမှာ ပရော်ဖက်ဆာ တဦးမို့ သူတို့ ခင်တာလို့ ပဲ ထားလိုက်ပါတော့ အဟီး။ ကျနော့်ကို အန်တီမေက ကျောင်းပိတ်ရက်တွေ မှာကျနော့် ကို မြို့ထဲ လိုက်ပို့တယ်၊ အဲဒီအခါတွေမှာတော့ သူ့ကားကို မယူတော့ဘူး ကျနော်တို့ ဘပ်စ်တွေ ရထားတွေ စီးပြီး သွားကြတယ်၊

အဲ တော့ အန်တီမေ နဲ့ ကျနော် စကားတွေ အများကြီးပြောဖြစ်ကြတယ်၊ အန်တီမေ လည်း ကျနော့် မိဘတွေနဲ့ ကျနော့်လို စာအများကြီး ဖတ်မှန်းသိရတယ်၊ ကျနော် တို့ နူစ်ယောက် ပြောစရာ စကားတွေ ၊ အကြောင်းအရာတွေ အများကြီး ရှိနေတယ်။ အန်တီမြတ်နိူးမေရဲ့ ဘော်ဒီလေး က သွယ်လျလျပေမဲ့ သူ့နေရာနဲ့ သူ အချိုးကျတဲ့ အမို့အဖေါင်း တွေကြောင့် အင်မတန်ကြည့်လို့ကောင်းတယ်၊ သေးကျင်တဲ့ ခါးသွယ်သွယ်ကနေ ကားစွံ့ ထွက်လာတဲ့ လုံးကျစ်ကျစ် တင်ပါးဆိုင်လေးတွေ၊ နောက် အောက်က ဖြောင့်တန်းပြီး အဆီ အရစ်လုံးဝမရှိချောမွတ်တဲ့ ပေါင်တန် ခြေသလုံးသား တွေ ကလည်း ဘောင်းဘီအတို ကျပ်ကျပ်လေး ဝတ်ထားရင် ကြည့်လို့ အရမ်းလှတာပဲ၊ တခါတလေ လူအုပ်ကြားထဲ တို့၊ ရထားဘူတာရုံ က အထွက်တို့၊ ရှော့ပင်း မော တို့ မှာ လူရှောင်ရင်း အချင်းချင်း ဝင်တိုး မိလို့ အိကနဲ ဖြစ်သွားရင် တောင် ကျနော့် သွေးကြောတွေ မှာ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားမိတယ်၊ ကိုယ့်ကိုကိုယ်တောင် ဦးနှောက်စား နေတယ်၊ ဘာလို့လဲ ဆိုတော့ ကျနော်က အသက်ကသာ ၁၉ နူစ်၊ လူက မ နဲ့ ပတ်သက်ရင် အသက်နဲ့ မလိုက်အောင်ကို၊ ကံလည်း ကောင်း အတွေ့ အကြုံကလည်း များနေပြီ ဆိုတော့၊ ဒီလို အထိအတွေ့လောက်နဲ့ တော့ တော်ရုံမိန်းမ ဆိုဘာမှတောင် စိတ်ထဲ မနေတော့တာ၊ အန်တီမြတ်နိူးမေက ပဲ တခုခု ထူးခြားနေလို့လား၊ ဒန်နီယယ် သား ဟေး ဘာတွေတွေးနေတာလဲ… အန်တီမြတ်နိူးမေ ရဲ့ အသံက ကျနော့်ကို အတိတ်ကနေ ပြန်ခေါ်လိုက်သလိုပဲ၊ အဟီး၊ ..ပြောအန်တီမေ ကျနော် ဘာရယ်မဟုတ်ဘူးရှောက်စဉ်းစားနေလို့..ဟင်း ဟင်း.. ဒီနေ့ ဘယ်မှာစားကြမလဲ လို့ မေးနေတာလေ ပြန်မဖြေလို့… …ရတယ်လေ အန်တီမေ၊ နီးနီးနားနား ကမောထဲက ဟော့ကာစန်တာ တခုမှာပဲ စားလိုက်ကြရအောင်..

အဲလိုနဲ့ မောထဲက အစားသောက်တွေ ရောင်းတဲ့ နေရာမှာပဲ လိုချင်တဲ့ အစားအစာမှာ ပြီး စားပွဲတလုံးမှာ နေရာယူ ထိုင်စားကြတယ်။ ..ဒါ နဲ့ ကျနော် ဖေဖေ့ကို တော့ မမေးမိခဲ့ဘူး၊ အန်တီမေနဲ့ ဖေဖေနဲ့ ဘယ်လိုသိကြတာလဲ..မေမေက အန်တီမေ့ကို လုံးဝ မသိဘူးဆိုတော့၊ ဖေဖေ အိမ်ထောင်မကျခင်ထဲက သိကြတာလား၊ အဲတာဆိုလဲ အန်တီမေက ငယ်ငယ်လေး ရှိအုန်းမှာ ပေါ့… ..အောင်မလေး ကိုစပ်စုရယ် ဘာအရေးကြီးလို့ သိချင်ရတာတုန်း.. ..ဘာရယ်မဟုတ်ပါဘူး၊အန်တီမေရယ်၊ ဟုတ်ပါတယ် အဲဒါ က အရေးလည်းမကြီးပါဘူး.. ကျနော်က အန်တီမေ မပြောချင်မှန်းသိလို့ စကားပြန်လျှောချလိုက်ပါတယ်။ စိတ်ထဲ မှာတော့ မကျေနပ်သေးဘူး၊ ငါအိမ်မပြန်ခင် သိအောင်လုပ်ရမယ်လို့ တေးထားလိုက်ပါတယ်။ အန်တီမြတ်နိူးမေနဲ့ ကျနော်နဲ့က ကျောင်းဖွင့်ရက်တွေဆိုရင် လည်း ကျောင်းကို တခါတလေ အတူသွား၊ အတူတူ မသွားဖြစ်လဲ နေ့လည်စာ စားချိန်ကျရင် အတူတူစားဖြစ်ကြတယ်။ ကျောင်းပိတ်ရက်တွေဆိုလည်း တနေရာမဟုတ် တနေရာ အတူတူသွား၊ ဒါမှ မဟုတ်လည်း အန်တီ မြတ်နိူးမေဈေးဝယ်ထွက်တဲ့နောက် လျှောက်လိုက် လို့ ကျနော်တို့ တယောက်နဲ့ တယောက် က ပိုရင်းနှီး လာခဲ့ကြတယ်၊ နောက်ပြီး ဗမာစာ ကို စာလုံးပေါင်းရုံလောက်သာတတ်ပြီး အဓိပ္ပါယ် တိတိကျကျ မသိတော့တဲ့ ကျနော့်ကို သူဖတ်ရတဲ့ ဗမာစာအုပ် လေးတွေ ဇာတ်လမ်းကို ပြောပြတယ်၊ အန်တီမြတ်နိူးမေ က တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောတတ် ဆိုတတ်ပါတယ်၊ သူက ကျနော့် ကို ခလေးတယောက်လို၊ တကယ့်တူအရင်း သားအရင်းတယောက်လို ဆက်ဆံ တယ်၊ အရေးပေးတယ်၊ ဂရုစိုက်တယ် ဆိုတော့ ကျနော့် စိတ်ထဲ မှာ တမျိုးဖြစ်မိတယ်၊ အန်တီမြတ်နိူးမေ က ကျနော့် ကို ကလေးတယောက်လိုသာ ဆက်ဆံတာ ကျနော့် အတွေ့ အကြုံတွေသာ သိသွားလို့ကတော့ အဟီး၊